အသားအရေ ကောင်းမွန်စေဖို့အတွက်
01-Mar-2017
အရေပြားကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ ၁၅ ရက်တစ်ခါလောက် အရေပြားဆဲလ်တွေ အသစ်ဖြစ်လာတယ်ဆိုတာ သိရှိရပါတယ်။ အရေပြားဆဲလ်ဟောင်းတွေ အကုန်ကွာထွက်ပြီးတဲ့ အချိန်မှာ အသားအရေဟာ တခြားအချိန်တွေထက် ပိုကောင်းနေတာကို တွေ့ရပါလိမ့်မယ်။ ဒီအချိန်မှာ အရေပြားထိန်းသိမ်းဖို့အတွက် အခုဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။
သာမန် အရေပြား
မခြောက်သွေ့လွန်း၊ အဆီမများလွန်းတဲ့ အရေပြားကို ထိန်းသိမ်းဖို့ဆိုရင် Glycolic Acid ဓာတ် ပါဝင်တဲ့ Cleanser မျိုးကို ရွေးချယ်ရပါလိမ့်မယ်။ အဲဒီအဆီဓာတ်ဟာ အရေပြား အတွင်းပိုင်းထိ တိုင်အောင် ထိုးဖောက်နိုင်တဲ့အပြင် ဆဲလ်ဟောင်းတွေကိုလည်း ဖယ်ရှားပစ်နိုင်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် အသုံးပြုပေးပါ။
အဆီများတဲ့ အရေပြား
အဆီများတဲ့ အရေပြားအတွက်ဆိုရင်တော့ Salicylic Acid ဓာတ်ပါဝင်တဲ့ Toner ကို အသုံးပြုပေးဖို့ လိုပါတယ်။ အဲဒီဓာတ်ဟာ ချွေးပေါက်ပိတ်တာမျိုး ဖြစ်စေတဲ့ ဆဲလ်အဟောင်းတွေကို ဖယ်ရှားပေးနိုင်ရုံသာမကဘဲ ဆားဝက်ခြံနဲ့ ဝက်ခြံတွေဖြစ်စေတဲ့ အဆီပိုတွေကိုပါ စုပ်ယူပေးနိုင်ပါ သေးတယ်။ အဲဒီ Toner ကို လိမ်းထားပြီး ချက်ချင်း ရေမဆေးပစ်ဖို့တော့ လိုပါတယ်။ အခုအတိုင်း တစ်ပတ်ကို နှစ်ကြိမ် ပြုလုပ်ပေးပါ။
ခြောက်သွေ့တဲ့ အရေပြား
ဒီလိုအရေပြားကတော့ Glycolic ဒါမှမဟုတ် Salicylic Acid နဲ့ သင့်တော်ပါတယ်။ သဘာဝအသီးတွေထဲမှာဆိုရင် စပျစ်သီး၊ ရွှေဖရုံသီးစတဲ့ အသီးတွေကို လိမ်းကျံပေးနိုင်ပါတယ်။ ဒါပေမဲ့ ငါးမိနစ်သာ အသုံးပြုပေးဖို့ မမေ့ပါနဲ့ ။ တစ်ပတ်ကိုတစ်ကြိမ် အသုံးပြုနိုင်ပါတယ်။
ထိရှလွယ်တဲ့ အရေပြား
ဒီလိုအရေပြားကတော့ သာမန်ထက်ပိုပြီး ဂရုတစိုက်ပေးဖို့ လိုပါတယ်။ ဘယ်လို ကုန်ပစ္စည်းမျိုးမဆို အသုံးမပြုမီမှာ လက်မောင်းအတွင်းဘက် အရေပြားမှာ စမ်းသပ်ပြီး လိမ်းပေးဖို့ လိုပါတယ်။ အသုံးပြုတဲ့ ကုန်ပစ္စည်းမှာ “ Fine Microbeads ” ဒါမှမဟုတ် Jojoba Beads တဲ့ စကားလုံး ပါဝင်မှု ရှိမရှိ စစ်ဆေးပြီးမှသာ အသုံးပြုရပါလိမ့်မယ်။ တစ်ပတ်ကို တစ်ကြိမ်ဆို လုံလောက်ပါပြီ။
Credit:
အေခေမာ
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

